Durian Jam
မင်မင်တို့ “ကောင်းဈာန်သစ်” မိသားစုမှ ထုတ်လုပ်ဖြန့်ချိတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ဒေသထွက် ဒူးရင်းယိုစစ်စစ်များ စတင် ဝယ်ယူအားပေးလို့ရပါပြီ။ လက်လီလက္ကားစနစ်ဖြင့် ရောင်းချပေးလျက်ရှိပြီး လက္ကားဈေး စုံစမ်းလိုသူများအတွက် ဖုန်းမှတဆင့်ဖြစ်စေ၊ Chat box မှတဆင့်ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
ပါဝင်ပစ္စည်း - မြေပဲဆီစစ်စစ်သာ အသုံးပြုပါသည် (စားအုန်းဆီနှင့် အခြားဆီများ လုံးဝမသုံးပါ)၊ သကြားညိုစစ်စစ်သာ အသုံးပြုပါသည် (ထန်းလျက် မသုံးပါ)။ ဒူးရင်းအမှည့် (ဒင်အလုံး/ ခေါင်အလုံး - အရပ်ခေါ်) စစ်စစ်များကိုသာ အသုံးပြုပြီး ယိုထိုးထားခြင်း ဖြစ်ပါသည်။
ဒူးရင်းယိုအကြောင်း - တကယ်တော့ အရသာကောင်းမွန်တဲ့ ဒူးရင်းယိုထိုးဖို့ဟာ မလွယ်ကူလှသလို၊ ဒူးရင်းယိုလုပ်ငန်းဟာ ထူးကဲကောင်းမွန်လှတဲ့ အရသာ အရည်အသွေးဖြင့် ထုတ်လုပ်ဖြန့်ဖြူးနိုင်ဖို့အတွက်လည်း မလွယ်ကူလှပါ။ ဒူးရင်းခြံတွေ အများကြီးပိုင်ဆိုင်ထားရင်တောင်မှ ဒူးရင်းယိုလုပ်ငန်းဟာ အောင်မြင်ဖို့ သိပ်မလွယ်ကူပြန်ပါဘူး။ အဲ့ဒီဒူးရင်းခြံမှာ ဖြစ်ထွန်းတဲ့ ဒူးရင်းသီးတွေက တကယ့်ကို ဒင်အလုံးတွေ၊ အလုံးကြီးတွေ၊ အရသာကောင်းမွန်တဲ့ အလုံးမျိုးတွေ သီးမှသာ အရသာကောင်းမွန်တဲ့ ဒူးရင်းယိုလုပ်ငန်းကို လုပ်ကိုင်လို့ရမှာပါ။
အရည်အသွေး - “ကောင်းဈာန်သစ်” မိသားစုက ဒူးရင်းယိုလုပ်ငန်း လုပ်ပေမယ့် ဒူးရင်းခြံ မပိုင်ပါဘူး။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ပဲ မင်မင်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်အချို့က ဒူးရင်းခြံတွေပိုင်ထားတဲ့အပြင်၊ အထက်မှာ ပြောထားသလိုပဲ ဖြစ်ထွန်းတဲ့ ဒူးရင်းသီးတွေကလည်း ပြည့်စုံကောင်းမွန်တာမို့ နည်းစနစ်မှန်မှန်နဲ့ ဒူးရင်းယိုတွေ လုပ်ကိုင်လို့ ရကြတာပါ။ ယိုထဲမှာ ထည့်ရတဲ့ ပါဝင်ပစ္စည်းတွေကိုလည်း မခိုမကပ်ဘဲ အသုံးပြုထားတာကြောင့် ဒူးရင်းယိုစစ်စစ်ကိုမှ စားချင်တဲ့သူတွေအတွက်ကတော့ အံကိုက်ပါပဲ။ နောက်တခါ “ကောင်းဈာန်သစ်” မှ ဖြန့်ချိတဲ့ ဒူးရင်းယို ၁ပိဿာ ရဖို့အတွက် ဒူးရင်းသီး ဒင်အလုံး တဆယ်လုံးခန့် အသုံးပြုရပါတယ်။ ဒူးရင်းသီးကို ခွဲလိုက်လို့ အရသာ မကောင်းဘူးဆိုတာနဲ့ အဲ့ဒီအလုံးကို ယိုထိုးဖို့အတွက် မသုံးတော့ပါဘူး။
ကွာဟချက်နှင့် အာမခံချက် - ဈေးနှုန်းလေးတွေ ကွာဟကောင်း ကွာဟနိုင်ပေမယ့် “ကောင်းဈာန်သစ်”ရဲ့ ဒူးရင်းယိုဟာ မြိတ်ဒေသထွက် ဒူးရင်းယိုစစ်စစ် ဖြစ်တဲ့အပြင် ပါဝင်ပစ္စည်းနဲ့ အရသာပိုင်းကို အထူး အလေးထားတာရယ်ကြောင့် ဝယ်ယူလိုက်ရတဲ့ ဈေးနှုန်းထက် အဆပေါင်းများစွာသာတဲ့ တခါစားပြီး နောက်ထပ်အကြိမ်ကြိမ်အခါခါ ပြန်လည် စားချင်နေမိမယ့် အရသာ၊ အရည်အသွေးကို ရရှိမယ်ဆိုတာ
၁၀၀ရာခိုင်နှုန်း အာမခံပါတယ်။ အရသာ မကောင်းဘူးဆိုရင် ချက်ချင်းပြန်ပြောလို့ ရပါတယ်။ အာမခံနဲ့ကို ရောင်းတာပါ။
လက်လီဈေးနှုန်း - ၁၀ ကျပ်သား တဗူးလျှင် ၃၅၀၀ ကျပ်၊ ၂၅ကျပ်သား တဗူးလျှင် ၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါတယ်။ ၁၅၀၀၀ ကျပ်ဖိုးအထက် ဝယ်ယူပါက ရန်ကုန်မြို့တွင်း အိမ်အရောက် အခမဲ့ ပို့ဆောင်ပေးပါတယ်။ တခြားမြို့များသို့ ကားဂိတ်မှတဆင့် ပို့ဆောင်ပေးပါတယ်။
လက္ကားအရောင်း - လက္ကားရောင်းချလိုသူများအတွက်လည်း “ကောင်းဈာန်သစ်” မိသားစုမှ လှိုက်လှဲစွာ ကြိုဆိုပါတယ်။ ဒူးရင်းယိုဟာ ရေခဲသေတ္တာထဲမှာ မထားဘဲ အပြင်မှာထားမယ်ဆိုရင် ၁လနီးပါး ထားလို့ရပါတယ်။ အဲ့ဒီထက် ကျော်လာရင်တော့ လတ်ဆတ်တဲ့ အနံ့လေးတွေ နဲနဲ ပျောက်ပြီးတော့၊ အရသာပိုင်းလည်း သိပ်မကောင်းတော့ပါဘူး။ ရေခဲသေတ္တာထဲမှာ သိုလှောင်ထားမယ်ဆိုရင်တော့ ၃ နှစ်နီးပါး အထားခံပြီး မူလ အရသာ၊ အရည်အသွေးအတိုင်း စားသုံးလို့ ရပါတယ်။ အရည်အသွေးပိုင်းကို အလေးထားတာမို့ အကယ်၍များ ဝယ်ယူထားပြီး ရက်ကြာရှည် ရောင်းချချင်တယ်ဆိုရင် ရေခဲသေတ္တာထဲမှာ သိမ်းဆည်းပေးပါလို့ လေးစားစွာဖြင့် တိုက်တွန်းပါရစေခဗျာ။
ကုသိုလ်ရေးနှင့် ဝမ်းရေး - “ကောင်းဈာန်သစ်” မိသားစုဟာ ရရှိလာတဲ့ အမြတ်အစွန်းတိုင်းရဲ့ ၁၀ပုံ ၁ပုံကို လိုအပ်တဲ့ နေရာများသို့ တတ်နိုင်သ၍ လှူဒါန်းနေတာဖြစ်တာမို့လို့ မင်မင်တို့ဆီက ဝယ်ယူလိုက်တိုင်း ကုသိုလ်တွေ ထပ်တူထပ်မျှ ပါဝင်နေမှာ ဖြစ်တဲ့အပြင် နေ့စဉ် သာဓုခေါ်ဆိုနိုင်မှာလည်း ဖြစ်ပါတယ်ခဗျာ။
အရည်အသွေးပိုင်း၊ ဈေးနှုန်းပိုင်း၊ ဝန်ဆောင်မှုပိုင်းများနှင့် ပတ်သတ်ပြီး ဝေဖန်အကြံပြုတယ်ဆိုရင်လည်း အကြံပြုစာ၊ တိုက်တွန်းစာများကို ပေးပို့လို့ ရပါတယ်ခဗျာ။
ချစ်ခင်လေးစားစွာဖြင့် ...
ကောင်းဈာန်သစ်မိသားစု

